Home » » သေနတ်ကို တစ်စစီ ဖြုတ်ကလိကြမယ်(For andriod)

သေနတ်ကို တစ်စစီ ဖြုတ်ကလိကြမယ်(For andriod)

ရောက်လာသူပေါင်း အေးချမ်းကြပါစေ..unnamed
ဒီဂိမ်းလေးက ပြောရမယ်ဆိုရင် ပစ်ခတ်ဆော့ကစားရတဲ့ သေနတ်ပစ်ဂိမ်းတော့
မဟုတ်ပါဘူး ။ သူက သေနတ် တစ်လက်ဘယ်လိုပြုလုပ်ထားတယ်ဆိုတာကို
သင်ကြားပေးမှာဖြစ်ပါတယ် ။သေနတ် အမျိုးအစားတွေလဲ များစွာ ပါဝင်ပါတယ် ။

ကြိုက်နှစ်သက်တဲ့ လက်နက်ကို တစ်စစီ ဖြုတ်/တပ် လုပ်လို့ရပါတယ်။ 
သေနတ်ပစ်ခတ်ရင် ကျည်ဆံက ဘယ်လိုထွက်သွားတယ်ဆိုတာကအစ အသေးစိတ်
အနှေးကြည့်ရှုနိုင်ပါတယ် ။ ကြိုက်နှစ်သက်တဲ့ လက်နက်ကို ရွေးချယ်ပြီးတော့
Demo / Operation / Disassembly / Assembly / Game  ဆိုပြီး
ရွေးချယ်နိုင်ပါတယ်။

Demo မှာ ဆိုရင်တော့ သူက သေနတ်ကို တစ်စချင်း သူ့ဘာသာသူဖြုတ် ပြပါတယ် ။
ဖြုတ်ပြတဲ့နေရာမှာလဲ လုံးဝ အသေးစိတ်ပြသထားပါတယ် ။ ပြီးရင်တော့ start
assembly ဆိုတာလေးပြပါလိမ့်မယ် ။ Start Assembly ကိုနှိပ်လိုက်ရင်တော့ သူက
အကုန် auto ပြန်တပ်ပြသွားမှာပါ ။

Operation မှာတော့ သေနတ်ပစ်ခတ်ရင် ကျည်ဆံ ထွက်တာက အစ အသေးစိတ် ကြည့်ရှုနိုင်ပါတယ် ။ စိတ်ကြိုက်လေ့လာနိုင်ပါတယ် ။

Disassembly မှာတော့ ကိုယ့်စိတ်ကြိုက် တစ်စစီ ဖြုတ်နိုင်ပါတယ် ။ဖြုတ်ရမယ့်
အကြိမ်အရေ အတွက်ကိုလည်း ဖော်ပြပေးထားပါတယ် ။ ဘယ်လိုဖြုတ်ရမလဲမသိရင်တော့
computer ကို ဖြုတ်ခိုင်းနိုင်ပါတယ် ။ အကုန်လုံးကို အသေးစိတ်
ပြုလုပ်နိုင်ပါတယ် ။

Assembly မှာတော့ သူက တစ်စစီဖြုတ်ပေးထားတာကို သေချာပြန်လည်တပ်ဆင်ပေးရမှာပါ ။
ဘယ်နှစ်ခု တပ်ဆင်ဖို့ ကျန်တယ်ဆိုတာ ကိုလဲ ဖော်ပြပေးထားမှာပါ ။

ကျန်တာကိုတော့ ဘော်ဘော်တို့ ခုပဲ ဒေါင်းပြီး ကလိကြည့်တော့နော် ……. ။

4

3

2

1



          >>>>> Download Now <<<<< ( Mediafire Link)



     Credit>> http://megamyanmarmobile.wordpress.com

Jika Anda menyukai Artikel di blog ini, Silahkan klik disini untuk berlangganan gratis via email, dengan begitu Anda akan mendapat kiriman artikel setiap ada artikel yang terbit di Creating Website

0 comments:

Post a Comment

 
ရောက်လာသူအားလုံးအေးချမ်းကြပါစေ
Copyright © 2011. မောင်မင်းသား - (နည်းပညာပြန်လည်မျှဝေသူ)
အားလုံးကိုခင်မင်လေးစားလျှက်
မောင်မင်းသား