Home » » လော့ကျနေသော Facebook အကောင့်ပြန်ယူနည်း ( 2 )

လော့ကျနေသော Facebook အကောင့်ပြန်ယူနည်း ( 2 )


Facebook အကောင့်တွေဟာ
အသုံးပြုနေရင်း အကြောင်းအမျိုးမျိုးကြောင့်
Lock ကျတတ်တာကို Facebook အသုံးပြုနေသူ
သူငယ်ချင်းအားလုံးနီးပါး သိကြမှာပါ။

လော့ကျတဲ့နေရာမှာ ဖုန်းနံပါတ်အတောင်းခံတဲ့နည်းနဲ့
လော့ကျသလို ဓာတ်ပုံရွေးခိုင်းတဲ့နည်းနဲ့လည်း
လော့ကျတတ်ပါတယ်။

ဖုန်းနံပါတ်အတောင်းခံရတဲ့ အကောင့်တွေကို
ပြန်ယူနိုင်တဲ့နည်းလမ်းကို ဒီပို့စ် မှာ တင်ပေးခဲ့ဖူးပါတယ်




အဲဒီပို့စ်ထဲမှာ အသုံးပြုခဲ့တဲ့ Yuilop ဖုန်းကို အသုံးပြုတဲ့နေရာမှာ
တစ်ခါတစ်ခါ ကုဒ်မရောက်တာတွေ ကြုံတွေ့နေရတတ်ပါတယ်
တယ်တော့ ကုဒ်က အမြဲတမ်းမရောက်တာမဟုတ်ပါဘူး .. ဘယ်လိုနည်းနဲ့မှ ကုဒ်ရောက်မလာဘူးဆိုရင်
နောက်ထပ် နံပါတ်အသစ်တစ်ခု ထပ်ပြီး ဖန်တီးပြီး ကြိုးစားကြည့်ရင် အဆင်ပြေသွားတတ်ပါတယ် ..
အခုတင်ပေးမယ့်နည်းလေးကတော့ Yuilop အကောင့်ဖန်တီးသလို အလုပ်သိပ်မများတဲ့အပြင်
Facebook Verification ကုဒ်ရောက်တာလည်း တော်တော်သေချာတဲ့ နည်းတစ်ခုဖြစ်ပါတယ်
အသုံးပြုတဲ့ ဖုန်းနံပါတ်ကတော့ Pinger ဖုန်းနံပါတ်ဖြစ်ပါတယ်
Pinger ကို အသုံးပြုဖို့ကလည်း Yuilop အသုံးပြုတုန်းကလို VPN ကျော်တဲ့ ဆော့ဝဲတစ်ခုခု လိုတာပါပဲ ..
အသစ်အဆန်းလည်းဖြစ် အသုံးပြုရတာလည်း လွယ်ကူ အင်တာနက်လိုင်းအားလည်း သိပ်မလိုတဲ့
VPN ကျော်တဲ့နေရာမှာ အသုံးပြုမယ့် ဆော့ဝဲကတော့ Your Freedom ဆော့ဝဲပဲဖြစ်ပါတယ်
ဒါကြောင့် အခုနည်းလေးအတွက်လိုအပ်တဲ့

Your Freedom apk ကို ဒီနေရာ မှာ ဒေါင်းယူပါ

Pinger apk မရှိသေးရင်လည်း ဒီနေရာ မှာ တင်ပေးထားပါတယ်

အားလုံးကို ဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင်တော့ Your Freedom ကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



Start Connection ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်လာပါမယ်






ပြထားတဲ့နေရာမှာ အမှန်ခြစ်လေးတပ်ပေးပြီး OK ကို နှိပ်ပေးလိုက်ပါ
ခဏလောက်အကြာမှာ ဖုန်းရဲ့အပေါ်ပိုင်း Noti Bar မှာ သော့ပုံလေးပေါ်လာပါမယ်
အဲဒါဆိုရင် ဖုန်းရဲ့ Home Key ကို နှိပ်ပြီး ထွက်လိုက်ပါ
( ဒီနေရာမှာ Your Freedom နဲ့အဆင်မပြေရင်လည်း တခြား VPN ကျော်တဲ့ဆော့ဝဲတစ်ခုခုသုံးထားရင် အဆင်ပြေပါတယ် )
Pinger ကို ဖွင့်လိုက်ပါ .. Loading ခဏလောက်စောင့်ပြီးရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်


Ads by SmartSaverPlus(?)Hide ads



နိုင်ငံအမည်ရဲ့ဘေးကမြှားလေးကို နှိပ်ပေးလိုက်ပါ .. ခဏလောက်အကြာမှာ အောက်ကပုံအတိုင်း နိုင်ငံရွေးစရာတွေ
ပေါ်လာပါမယ် ..




Unided Kingdom ( numbers avable ) ကို ရွေးပေးလိုက်ပါ .. ပြီးရင် Lets do this ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်




Create account ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း အကောင့်အတွက် ဖြည့်စရာတွေ ကျလာပါမယ်

Ads by SmartSaverPlus(?)Hide ads




ပုံမှာပြထားတဲ့အတိုင်း အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ gmail ထည့်ရမယ့်နေရာမှာ တကယ်မရှိတဲ့ gmail ကိုလည်း ထည့်နိုင်ပါတယ်
ပြီးရင်တော့ Create account ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ကျလာပါမယ်






accept ကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ဖုန်းနံပါတ်တွေကျလာပါမယ်





ကိုယ်နှစ်သက်တဲ့ဖုန်းနံပါတ်ကို အမှတ်တပ်ပေးပြီး Get this number ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Ads by SmartSaverPlus(?)Hide ads




Confirm ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်သွားပါမယ်





ဒီအဆင့်ကိုရောက်ရင် ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ .. ပြီးရင် Pinger ကို ပြန် Run လိုက်ပါ
အောက်ကပုံအတိုင်း ဖြစ်သွားပါမယ်





No thanks ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် Pinger နံပါတ်တစ်ခုကို ပိုင်ဆိုင်ပါပြီ .. ကိုယ်ရထားတဲ့ဖုန်းနံပါတ်ကို ပြန်ကြည့်ချင်တယ်ဆိုရင် ဖုန်းရဲ့
Menu Key ကိုနှိပ်ပြီး Setting ကိုရွေးလိုက်ရင် ဖုန်းနံပါတ်ကို တွေ့ရပါလိမ့်မယ်

ဒါတွေပြီးသွားရင်တော့ Your Freedom ကို ပိတ်ဖို့ ဖုန်းရဲ့ Noti Bar ပေါ်က သော့ပုံလေးကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Ads by SmartSaverPlus(?)Hide ads




Disconnect ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် လော့ကျနေတဲ့ Facebook အကောင့်ကို ရွေးနိုင်တဲ့ ဖုန်းနံပါတ်တစ်ခုကို ပိုင်ဆိုင်ပြီဖြစ်ပါတယ် ..
လော့ဖြည်တော့မယ်ဆိုရင် နိုင်ငံနေရာမှာ United Kingdom ( +44 ) ကို ရွေးပါ ..
ဖုန်းနံပါတ်ထည့်ရမယ့်အကွက်မှာ +44 မပါစေပဲ ကျန်တဲ့နံပါတ်တွေကို ထည့်ပေးလိုက်ပါ ..
ခဏလောက်စောင့်လိုက်ရင် ကုဒ်ရောက်လာမှာဖြစ်ပါတယ်

ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

ရောက်လာသူပေါင်း အေးချမ်းကြပါစေ..
Jika Anda menyukai Artikel di blog ini, Silahkan klik disini untuk berlangganan gratis via email, dengan begitu Anda akan mendapat kiriman artikel setiap ada artikel yang terbit di Creating Website

0 comments:

Post a Comment

 
ရောက်လာသူအားလုံးအေးချမ်းကြပါစေ
Copyright © 2011. မောင်မင်းသား - (နည်းပညာပြန်လည်မျှဝေသူ)
အားလုံးကိုခင်မင်လေးစားလျှက်
မောင်မင်းသား