Home » , » Windows 10 Technical Preview အားUSB မှတစ်ဆင့် Install ပြုလုပ်ခြင်း

Windows 10 Technical Preview အားUSB မှတစ်ဆင့် Install ပြုလုပ်ခြင်း


Windows 10 Techinal Preview Version 9926 ကို စမ်းသပ်လေ့လာ သုံးစွဲချင် သူများအတွက် ထည့်သွင်းနည်း ဖြစ်ပါတယ်။ ဒီ Version ဟာ Technical Preview Version သာဖြစ်တဲ့အတွက် မိမိအလုပ်လုပ် ကိုင်နေတဲ့ ကွန်ပျူတာတွေမှာ ထည့်သွင်း သုံးစွဲဖို့ရန်အတွက် မသင့်တော်ပါဘူး။ နောက်တစ်ချက် သတိထား ရမှာကတော့ လက်ရှိ အသုံးပြုနေတဲ့ Windows Version
ကနေ Upgrade ပြုလုပ်ပြီး မတင်သင့်ပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် အဆင်မပြေတဲ့အခါမှာ Downgrade ပြန်လည် ပြုလုပ်ဖို့အတွက် အဆင်မပြေနိုင် တဲ့ ပြဿနာများ ရှိတဲ့အတွက် လက်ရှိ Version ကနေ Upgrade မပြုလုပ်သင့်ပါဘူး။
အဆင့် (၁) Windows 10 Technical Preview ကိုရယူဖို့အတွက် ပထမဆုံး http://preview.windows.com ဆိုတဲ့ ဝက်ဘ်စာမျက်နှာကို သွားရမှာဖြစ်ပါတယ်။ အဆိုပါ Windows 10 Thechnical Preview ကို ရယူဖို့အတွက် Microsoft ID တစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။
အဆင့် (၂)  Sign in ပြုလုပ် ပြီးသွားပြီဆိုရင် “Get the Preview” ဆိုတဲ့ Button ကို ကလစ်နှိပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ “ Start Upgrade Now” ဆိုတဲ့ Button ကိုကလစ်လုံးဝ မနှိပ်ပါနဲ့။ ISO ဖိုင်ကိုရယူပြီး ထည့်သွင်းရမှာ ဖြစ်တဲ့အတွက် “ Download the ISO File ” ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။

ပြီးသွားပြီဆိုရင် ISO ဖိုင်ကို 32bit ဒါမှမဟုတ် 64bit ကို နှစ်သက်ရာရွေးချယ်ပြီး Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။
အဆင့် (၃) ISO ဖိုင်ကို Download ပြုလုပ်ပြီးပြီဆိုရင် USB ထဲထည့်သွင်းဖို့အတွက်ဆိုရင် Windows 7 USB Download Tool ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံး 4GB ပမာဏရှိတဲ့ Flash Drive ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ အဆိုပါ ISO ဖိုင်ကို Windows 7 USB Download Tool ကို အသုံးပြုပြီး အဆိုပါ Donwload ပြုလုပ်ထားသည့် Windows 10 Technical Preview ကိုထည့်သွင်း ရမှာဖြစ်ပါတယ်။

အဆင့် (၄) ဒီအဆင့်ကတော့ Windows 10 Technical Preview ကို USB မှာ ထည့်သွင်းပြီးသွားရင် PC မှာထည့်သွင်းဖို့အတွက် PC ကို Reboot ပြုလုပ်ပြီး USB Boot နဲ့ Boot တက်ရမှာဖြစ်ပါတယ်။ ပြီးသွားရင် Partition အသစ်တစ်ခုခု ပြုလုပ်ပြီး အဆိုပါ Partition အသစ်မှာစတင် Install ပြုလုပ်ဖို့ အတွက်ရွေးချယ်ရမှာ ဖြစ်ပါတယ်။
အဆင့် (၅) Windows Logo ပေါ်လာပြီး ခဏအကြာမှာ Language ကိုရွေးချယ်ရမှာ ဖြစ်တဲ့အတွက် UK English ဒါမှမဟုတ် နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် Windows 10 Technical Preview ကိုထည့်သွင်းရန် သတ်မှတ်ထားတဲ့ Partition အသစ်ကို ရွေးချယ်ပြီး Partition Format ကိုတော့ NTFS ကိုပဲ ရွေးချယ်ပြီး ရှေ့လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အဆင့် (၆) ပြီးသွားရင် Windows 10 Technical Preview ကို Install ပြုလုပ်နေတဲ့ လုပ်ငန်းစဉ်များကို ခေတ္တ စောင့်ဆိုင်း ပေးရမှာ ဖြစ်ပါတယ်။
အဆင့် (၇) Install ပြုလုပ်တဲ့ အဆင့်တွေ ပြီးသွားရင် Restart ဖြစ်သွားမှာဖြစ်ပြီး၊ Reboot ပြန်တက်လာတဲ့ အခါမှာ Microsoft ID ကိုထည့်သွင်း လိုက်တယ်ဆိုရင်တော့ Activation Key ကိုထည့်သွင်းစရာ လိုအပ်မှာ မဟုတ်တော့ပါဘူး။ အကယ်၍ Microsoft ID ကို မထည့်သွင်းဘူး ဆိုရင်တော့ Activation Key ကိုထည့်သွင်း ပေးရမှာ ဖြစ်ပါတယ်။ Activation Key ကတော့ NKJFK-GPHP7-G8C3J-P6JXR-HQRJR တို့ဖြစ်ပါတယ်။
အဆင့် (၈) Activation Key ထည့်သွင်း ပြီးသွားပြီဆိုရင်တော့ Window 10 Technical Preview အတွက် ညွှန်ကြားထားတဲ့ အဆင့်လေးတွေကို လိုက်လုပ်ပေးပြီး သွားရင် Windows 10 Technical Preview ကို USB Drive မှတစ်ဆင့် ထည့်သွင်း ပြီးသွားပြီ ဖြစ်ပါတယ်။
Ref: PCAdvisor



            ရောက်လာသူပေါင်း အေးချမ်းကြပါစေ..
Jika Anda menyukai Artikel di blog ini, Silahkan klik disini untuk berlangganan gratis via email, dengan begitu Anda akan mendapat kiriman artikel setiap ada artikel yang terbit di Creating Website

0 comments:

Post a Comment

 
ရောက်လာသူအားလုံးအေးချမ်းကြပါစေ
Copyright © 2011. မောင်မင်းသား - (နည်းပညာပြန်လည်မျှဝေသူ)
အားလုံးကိုခင်မင်လေးစားလျှက်
မောင်မင်းသား